“သီလပရိဓောတာ ပညာ၊ ပညာပရိဓောတံ သီလံ”
မဟာဝိဟာရဓမ္မ၀ိနယတက္ကသိုလ်
ဒီပလိုမာသင်တန်း(၂၀၁၈-၁၉ ပညာသင်နှစ်) လျှောက်လွှာခေါ်ယူခြင်း
မဟာဝိဟာရဓမ္မ၀ိနယတက္ကသိုလ်ကို “နေနည်းရှေးကျ၊သင်နည်းခေတ်မီ”ဟူသော ရှေးမထေရ်မြတ်ကြီးတို့၏ သြ၀ါဒတော်ကို ဦးထိပ်ပန်ဆင်လျက် သီလ သုတ စွယ်စုံရသော ပညာရှင်ရဟန်းတော်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ၂၀၁၆ခုနှစ်၊ဇွန်လ(၁၂)ရက်တွင် စတင်ဖွင့် လှစ်ခဲ့ပါသည်။ ၂၀၁၈-၁၉ ပညာသင်နှစ် သင်တန်းများကို၂၀၁၈ခုနှစ်၊ဇွန်လ(၄)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ၀င်ခွင့်စာမေးပွဲကို ၂၀၁၈ခုနှစ်၊မေလ( ၂-၃)ရက်၊[၁၃၈၀ခှုနှစ်၊ကဆုန်လပြည့်ကျော် (၃-၄ )]ရက်များတွင် ကျင်းပမည်ဖြစ်ပါသည်။
ဒီပလိုမာသင်တန်း(၂၀၁၈-၁၉ ပညာသင်နှစ်) သင်တန်းသားအရည်အချင်း
- အသက်(၃၀)၊သိက္ခာ(၁၀)၀ါအတွင်းဖြစ်ရမည်။ (သဒ္ဓါတရားလွန်စွာထက်သန်သူများအတွက်အသက်ကိုခြွင်းချက်ထားသည်။)
- ၀ိနည်းတော်ကိုအသက်သဖွယ်မြတ်နိုးလျက်သာသနာချစ်စိတ်ပြင်းထန်သူဖြစ်ရမည်။
- ကိုယ်လက်အင်္ဂါချို့ယွင်းသူ = ပရိသဒူသကပုဂ္ဂိုလ်မျိုးမဖြစ်စေရ။
- အဆောင်နေစာသင်သားရဟန်းသာမဏေများကိုသာလက်ခံမည်။
(က) ဓမ္မာစရိယဘွဲ့တစ်ခုခုရရှိထားသူ(အစိုးရ/အသင်း)၊ သာမဏေကျော်(သာသနာလင်္ကာရ)ဘွဲ့တစ်ခုခု ရရှိထားပြီး ဓမ္မာစရိယ စာဝါများကိုကျေညက်စွာဆည်းပူးထားသူ၊ မဟာဝိဒူဘွဲ့တစ်ခုခုရရှိထားသူ၊ ကျောင်းတိုက်တစ်ခုခုမှ တိုက်တွင်းဓမ္မာစရိယ စာမေးပွဲ အောင်မြင်ထားသူ၊ ပထမကြီးတန်းအောင်မြင်ထားပြီး ဓမ္မာစရိယနည်းနာများကိုကျေညက်စွာဆည်းပူးထားပြီးသူ သင်တန်းသားများသည်
| ဖြေဆိုရမည့် နေ့ | ဖြေဆိုရမည့်အချိန် | ဖြေဆိုရမည့်နေရာ | မှတ်ချက် |
| ၂-၅-၂၀၁၈ | နံနက်(၈)နာရီ မှ (၁၁)နာရီထိ | မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ် | လူတွေ့စစ်ရန်၊ |
| ၃-၅-၂၀၁၈ | နံနက်(၈)နာရီ မှ (၁၁)နာရီထိ | မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ် | လူတွေ့စစ်ရန်၊ |
(ခ) ဆယ်တန်းအောင်၊ဘွဲ့ကြို၊ဘွဲ့ရ ရဟန်းသာမဏေများလည်း ၀င်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ပါသည်။ ၀ိနည်းဆိုင်ရာ မေးခွန်းများကို ဖြေဆိုကြရမည်။ ပထမနေ့၌ ၀ိနည်းဘိက္ခုပါတိမောက် အာဂုံမေးခွန်းနှင့်  ဒွေမာတိကာပါတိမောက်(၂)စောင် အနက်ပေးမေးခွန်း၊ ဒုတိယနေ့၌၀ိနည်း(ပါတိမောက်)အဓိပ္ပါယ် မေးခွန်းများကိုဖြေဆိုရမည်။
| ဖြေဆိုရမည့် နေ့ | ဖြေဆိုရမည့်အချိန် | ဖြေဆိုရမည့်ဘာသာ | ဖြေဆိုရမည့်နေရာ | မှတ်ချက် |
| ၂-၅-၂၀၁၈ | နံနက်(၈)နာရီ မှ (၁၁)နာရီထိ | ဗုဒ္ဓ၀ိနယဆိုင်ရာမေးခွန်း (ပထမနေ့) (ရေးဖြေ) | မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ် | ညနေ(၄-၅)နာရီ လူတွေ့စစ်ရန်၊ |
| ၃-၅-၂၀၁၈ | နံနက်(၈)နာရီ မှ (၁၁)နာရီထိ | ဗုဒ္ဓ၀ိနယဆိုင်ရာမေးခွန်း (ဒုတိယနေ့) (ရေးဖြေ) | မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ် | ညနေ(၄-၅)နာရီ လူတွေ့စစ်ရန်၊ |
(က)အုပ်စုနှင့်(ခ)အုပ်စုသင်တန်းသားများအားလုံးသည်အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုစစ်ဆေးခြင်းမေးခွန်းလွှာ(၂)ခုကိုဖြေဆိုကြရပါမည်။
| ဖြေဆိုရမည့် နေ့ | ဖြေဆိုရမည့်အချိန် | ဖြေဆိုရမည့်ဘာသာ | ဖြေဆိုရမည့်နေရာ | မှတ်ချက် |
| ၄-၅-၂၀၁၈ | နံနက် (၈း၃၀) နာရီမှ(၁၀း၃၀)နာရီထိ | General English | မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ် | ရေးဖြေ |
| ။ | မွန်းလွဲ (၁) နာရီ မှ (၃)နာရီ | Buddhism | ။ | ။ |
(Dip in B.Dh)ကို(၁၂)လသင်ယူရမည်ဖြစ်ပြီး နောက်ထပ် (၁၈)လလေ့လာဆည်းပူးလျှင် B.A(B.Dh)ဘွဲ့ကိုရရှိမည်ဖြစ်ပါသည်။ ဒီပလိုမာတန်းနှင့်အထက်အဆင့်များတွင် အင်္ဂလိပ်ဘာသာကိုကြားခံဘာသာစကားအဖြစ်အသုံးပြုမည်ဖြစ်ပါသည်။
မှတ်ချက်။ ၀င်ခွင့်လျှောက်လွှာကို၂၀၁၈ ခုနှစ်၊ ဧပြီလ(၃၀)ရက်နောက်ဆုံးထားပေးပို့ ရပါမည်။ ဒီပလိုမာတန်းအတွက် ၀င်ခွင့်လျှောက်လွှာနှင့်ပြဌာန်းကျမ်းမေးခွန်းနမူနာများကိုအောက်ပါနေရာများတွင်ရယူလျှောက်ထားနိုင်ပါသည်။
- ကျောင်းသားရေးရာဌာန၊ မဟာဝိဟာရဓမ္မ၀ိနယတက္ကသိုလ်။ ဘိုးဒေါနကုန်းကျေးရွာအနီး၊ မှော်ဘီမြို့နယ်။ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉၇၉၈၁၆၂၀၂၃။
- www.mdumyanmar.org နှင့် www.facebook.mahaviharadhammavinayauniversity တွင်ဝင်ရောက်ကြည့်ရှု လေ့လာပြီး လျှောက်ထားနိုင်ပါသည်။
- ပါမောက္ခချုပ်ဆရာတော်၊ မဟာဝိဟာရဓမ္မ၀ိနယတက္ကသိုလ်၊ ဖုန်း-၀၉၇၃၀၁၄၂၆၄။
- ဒုတိယပါမောက္ခချုပ်၊ မဟာဝိဟာရဓမ္မ၀ိနယတက္ကသို်လ်၊ ဖုန်း-၀၉၅၀၈၉၃၃၄။
- ပါမောက္ခဦးဉာဏ်ဝင်းထက်၊ ဖုန်း-၀၉၅၀၆၆၃၀၆။
- ပါမောက္ခဒေါက်တာစောမရအောင်၊ ဖုန်း-၀၉၄၂၁၀၄၀၃၅၁။
- ပါမောက္ခ ဒေါက်တာဟန်ဝင်း၊ ဖုန်း-၀၉၄၂၅၃၀၃၆၉၉။
- မော်ကွန်းထိန်း ဦးကိုကိုနိုင်၊ ဖုန်း-၀၉ ၇၉၈၁၆၂၀၂၃